Wednesday, December 26, 2012

မီးရထားစက်ခေါင်းမီးလောင်မှု့ဖြစ်ပွါး

ရထားစက်ခေါင်း မီးလောင် နေပြည်တော်၊ ဒီဇင်ဘာ ၂၂ ၂၁-၁၂-၂၀၁၂ရက်နေ့ ၁၈၃၀အချိန် ရန်ကုန်-မော်လမြိုင် အမှတ်(၈၉)အဆန်ရထားသည် မော်လမြိုင်မြို့နယ်၊ မုတ်္တမဘူတာနှင့်မော်လမြိုင်ဘူတာအကြား မိုင်တိုင်အမှတ်(၁၇၆/၄-၆)ကြားအရောက်တွင် ရထားစက်ခေါင်း၏ အင်ဂျင်စက်ခေါင်းအတွင်း ၀ါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုအား ရထားစက်ခေါင်းတွင်ပါရှိသည့် မီးသတ်ဆေးဘူးများဖြင့်ငြိမ်းသတ်ခဲ့ရာ ၁၈၅၀အချိန် မီးငြိမ်းသွားခဲ့ပြီး ငွေကျပ်တန်ဘိုး(၅၀၀၀၀ိ/-)ခန့်ဆုံးရှုံးခဲ့ကြောင်းနှင့် ခရီးသည်နှင့်ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment