This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, June 27, 2013

တယ်လီနော်ကုမ္ပဏီက မြန်မာဝန်ထမ်းများကို အများဆုံး ခန့်အပ်မည်

မြန်မာ့သတင်းမြန်မာ့ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းလုပ်ခွင့် လိုင်စင်ရရှိခဲ့တဲ့ နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီက တယ်လီဖုန်း လုပ်ငန်းတွေကို အမြန်အကောင်ထည်ဖော်ပြီး မြန်မာနိုင်ငံသား ကျွမ်းကျင်သူတွေကို အလုပ်ခန့်အပ်ကာ သက်သာတဲ့ဈေးနှုန်းနဲ့ လုပ်ဆောင်မယ်လို့ ကုမ္ပဏီရဲ့ အာရှဒေသဆိုင်ရာ ဆက်သွယ်ရေး ညွန်ကြားရေးမှူး ဂလန်မန်ဒီလစ်က ဒီဗွီဘီကို ပြောပါတယ်။

“မြန်မာက ကျနော်တို့ကုမ္ပဏီအတွက် အလုပ်ခန့်မယ့်လူအများစုဟာ ဒေသခံဝန်ထမ်းတွေပဲ ဖြစ်မှာပါ။ ဒါကြောင့် ကျနော်တို့ ကုမ္ပဏီအသစ်မှာ လိုအပ်တဲ့နေရာတွေ အတွက် ဒေသခံ ကျွမ်းကျင်တဲ့သူတွေကို ခန့်အပ်သွားမှာလည်းဖြစ်ပါတယ်။ ကျနော်တို့က အာရှမှာလည်း လုပ်ငန်း အတွေ့အကြုံတွေရှိပါတယ်။ ကျနော်တို့ရဲ့ ၀န်ဆောင်မှုဟာလည်း မြန်မာလူထုတွေ အားလုံး တတ်နိုင်ရမှာ ဖြစ်ပါတယ်။”

ဆက်သွယ်ရေးနဲ့ နည်းပညာလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီတွေထဲက နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီနဲ့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီတို့ကို ရွေးချယ်လိုက်ကြောင်း တင်ဒါစိစစ်ရေးအဖွဲ့က ဒီနေ့ ကြေညာလိုက်တာပါ။

ဥရောပ မြောက်ပိုင်း၊ အရှေ့နဲ့ အလယ်ပိုင်းအပါအ၀င် အာရှဒေသ ဆက်သွယ်ရေး ဈေးကွက်ကြီး ၅ ခုမှာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးနေတဲ့ တယ်လီနော်ကုမ္ပဏီဟာ ဆက်သွယ်ရေးရင်းနှီးမြှုပ်နှံခွင့် လိုင်စင်ရရှိရင် ၁ နှစ်အတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးနိုင်မယ်လို့ ကုမ္ပဏီဥက္ကဋ္ဌက ပြောဆိုထားပါတယ်။

၂၀၁၂ ခုနှစ်အထိ တယ်လီနော် မိုဘိုင်းအသုံးပြုသူကမ္ဘာမှာ ၁၄၈ သန်း ရှိပါတယ်။ ၂၀၁၂ ခုနှစ်အတွက် လုပ်ငန်း မတည်ငွေ နော်ဝေခရိုနာ ၁၀၂ ဘီလီယံ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံဝန်းကျင် ရင်းနှီးမြှုပ်နှံထားပြီး ၀န်ထမ်း ၃ သောင်းကျော် ရှိပါတယ်။

အခုလို ဆက်သွယ်ရေးတင်ဒါ အောင်မြင်သွားတဲ့အတွက် အထူးဝမ်းမြောက်ကြောင်းနဲ့ အပြီးသတ်လုပ်ငန်းစဉ်တွေအတွက် မြန်မာအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ တယ်လီနော်က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ဟာ မြန်မာပြည်သူတွေအတွက် မိုဘိုင်းဖုန်း ၀န်ဆောင်မှု ပေးနိုင်ဖို့အတွက် ကျနော်တို့ရဲ့ အတွေ့အကြုံ၊ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တာဝန်ယူမှုရှိရှိနဲ့ အသုံးချပြီး အကောင်အထည်ဖော်သွားဖို့ သံန္နိဋ္ဌာန်ချထားပါတယ်။ အခုလက်ရှိမှာ လိုင်စင်လုပ်ငန်းရဲ့ နောက်ဆုံး အပြီးသတ်လုပ်ငန်းစဉ်တွေကို မြန်မာအစိုးရနဲ့ ညှိနှိုင်းလုပ်ဆောင်သွားဖို့ ရှိနေပါတယ်” လို့ တယ်လီနော် ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Jon Fredrik Baksaas က ကြေညာချက်မှာ ပြောဆိုပါတယ်။

ကာတာအခြေစိုက် အိုရီဒူးကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ ၉ ဘီလီယံ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ အကြီးမားဆုံး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ အင်ဒိုဆက်ကုမ္ပဏီကိုလည်း ပိုင်ဆိုင်ထားပါတယ်။

အော်ရီဒူးကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပြီး ၂ နှစ်အတွင်းမှာ မြန်မာ့လူဦးရေ ၉၀ ရာခိုင်နှုန်းအထိ 3G တယ်လီဖုန်း သုံးစွဲခွင့်ရအောင် ပြုလုပ်မယ်လို့ ပြောဆိုထားပြီး တာဝါတိုင်ပေါင်း ၁ သောင်းကိုလည်း တည်ဆောက်သွားမယ်လို့  ပြောထားပါတယ်။

တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီစာရင်းထဲမှာ အရန်ကုမ္ပဏီတွေအဖြစ် ပြင်သစ်အခြေစိုက် အော်ရိမ်းကုမ္ပဏီနဲ့ ဂျပန်အခြေစိုက် မာရူဘီနီ ကုမ္ပဏီကို ရွေးချယ်ထားပါတယ်။

အမျိုးစောင့် ဥပဒေပေါ်ပေါက်ရေး ကြိုးပမ်းမှု ရည်ရွယ်ချက်ကောင်းဟု သီတဂူ ဆရာတော်ကြီးမိန့်

အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းမှုသည် ရည်ရွယ်ချက်ကောင်းကြောင်း၊သံဃာ ၁၀၀၀ ကျော်တက်ရောက်သည့် အမျိုး ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ၌ သီတဂူဆရာတော်ကြီးက တစ်နာရီကျော်ကြာ မိန့်ကြားသော သြ၀ါဒတွင် ထည့်သွင်းမိန့်ကြားခဲ့သည်။

ထို့အပြင် သီတဂူဆရာတော်ကြီးက အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တစ်ရပ်ပေါ်ပေါက်က အစိုးရ၊ နိုင်ငံတော်သံဃမဟာနာက၊ သံဃာထုတစ်ရပ်လုံး စည်းစည်းစည်းလုံးလုံး လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။

အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေး အကြံပေးဆွေးနွေးသူ ဦးရဲခေါင်ညွန့်ကလည်း ယင်းဥပဒေသည် လူ့အခွင့်အအရေးနှင့်ညီကြောင်း၊ အခြားနိုင်ငံများတွင် ၄င်းတို့ ဘာသာများအတွက်ခတ်ထားသော ခြံစည်းရိုးကို လူ့အခွင့်အရေးနှင့်မညီဟု မပြောကြောင်းစသည်ဖြင့် ဥပဒေကြောင်းရာများဆွေးနွေးခဲ့သည်။
အမျိုးစောင့် ဥပဒေပေါ်ပေါက်ရေး ကြိုးပမ်းမှု ရည်ရွယ်ချက်ကောင်းဟု သီတဂူ ဆရာတော်ကြီးမိန့်

Thursday, June 20, 2013

ဆွဲတင်စစ်ရုံးချိန်း တရားလိုပျက်ကွက်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူဦးရေစာရင်း ကောက်ယူရေးစီမံချက် (ဆွဲတင်စစ်) အကောင်အထည်ဖော်တုန်းက ဖြစ်ခဲ့တဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ဆက်နွယ်သူတွေအပေါ် စွဲဆိုတဲ့အမှုကို ဒီကနေ့ ရုံးထုတ်ရာမှာ တရားလိုအဖြစ် စွဲဆိုသူ မလာရောက်တဲ့အတွက် မစစ်ဆေးဖြစ်ဘဲ တရားခွင်ရပ်နားခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရအစီအစဉ်နဲ့ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီလူဦးရေစာရင်းကောက်ယူတဲ့ (ဆွဲတင်စစ်) အစီအစဉ် စစချင်းမှာပဲ  ပြဿနာဖြစ်ပြီး ရုံးတင်တရားစွဲခံရတာပါ။

စစ်တွေမြို့ သက်ကယ်ပြင်ကျေးရွာမှာ မွတ်စလင်အမျိုးသမီး မဆော်လေမာက သူဟာ ရိုဟင်ဂျာလူမျိုးဖြစ်တယ်လို့ ပြောတာကို ဘင်္ဂါလီလို့ စာရင်းသွင်းဖို့လုပ်ရာက စကားများပြီး လူအုပ်စုနဲ့ ခဲတွေနဲ့ ၀ိုင်းပေါက်လို့ စစ်ဆေးရေးအဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်၊

ဒါကြောင့်  လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးရန်အောင်မြင့်က တရားလိုပြုပြီး မေ ၂၃ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးမှာ မဆော်လေမာ၊ မာမောက်ဟာရှင်၊ ဦးစံလင်း၊ ဦးကျော်မြင့်၊ ဦးဘသာ၊ ဦးလှမြင့်တို့ကို ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်မှု၊ ၀တ္တရားနှောင့်ယှက်မှု၊ ဓားပြမှု၊ ခြိမ်းခြောက်မှု အားပေးကူညီမှုတွေနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ ချိန်းဆိုတဲ့ တရားခွင်ကို တရားလို လ၀ကဦးစီးမှူး ဦးရန်အောင်မြင့် ပျက်ကွက်လို့ မစစ်ဖြစ်ဘဲ နောက်နေ့ ဆက်စစ်မယ်လို့စွပ်စွဲခံရသူတွေဘက်က ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

ဒီနေ့ရုံးချိန်းကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အရာရှိတဦးလည်း ဒုတိယအကြိမ် တက်ရောက်နားထောင်တယ်လို့ ဆိုပါတယ်။

ဇွန် ၆ ရက်နေ့ ရုံးချိန်းတုန်းကတော့ တရားခံပြေး နောက်ထပ် ၂၄ ဦးအပေါ်  အမှုဖွင့်ချက်ကို တရားရုံးမှာ အတည်ပြုခဲ့ပါတယ်။ အဲဒီရုံးချိန်းတုန်းကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက ဌာနေအရာရှိတွေ တက်ရောက်နားထောင်တယ်လို့ ဦးလှမျိုးမြင့်က ပြောပါတယ်။

“သူတို့က တကူးတကကို လာပြီး စောင့်ကြည့်တယ်။ တရားရေးကလည်း စီစဉ်ပေးပါတယ်။ နောက် သူတို့က အမှုကြောင်းကို မေးတော့ ကျနော်ရှင်းပြတယ်။ ”

ရခိုင်ပြည်နယ်တခွင်မှာ အဖွဲ့ ၆၃ ဖွဲ့ ဖွဲ့စည်းပြီး ဘင်္ဂလီလူဦးရေစာရင်းကောက်တဲ့ ဆွဲတင်စစ် စီမံချက်ကို စတင်တဲ့ ဧပြီ ၂၆ ရက်နေ့ ပထမဆုံးနေ့မှာပဲ စစ်တွေမြို့က သက်ကယ်ပြင်ကျေးရွာ မွတ်စလင်ဒုက္ခသည်စခန်းမှာ ပြဿနာ ဖြစ်ခဲ့တာပါ။

စီမံချက်စတဲ့နေ့မှာပဲ ပြဿနာ ဖြစ်ပြီး ရပ်ထားတဲ့အဲဒီဆွဲတင်စစ်စီမံချက်ကို  ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးဦးလှသိန်းက ပြောကြားထားပါတယ်။

ခြောက်နှစ်အရွယ်ယောကျာ်းလေး၏ ဝမ်းဗိုက်အတွင်းမှ သန္ဓေသားကို အောင်မြင်စွာခွဲထုတ်

ကမ္ဘာတွင် ထူးခြားဖြစ်စဉ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံမှ အသက်ခြောက်နှစ် အရွယ်ယောကျာ်းလေးတစ်ဦး၏ ဝမ်းဗိုက်အတွင်းတွင်ရှိသော သန္ဓေ သားကို ရန်ကုန်တွင် အောင်မြင်စွာခွဲ စိတ်ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်သည် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း မြို့နယ် တောင်ကုန်းကျေးရွာတွင် နေထိုင်လျက် ရှိ သည့် မောင်--- ၏ဝမ်းဗိုက်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ် ပြီး အဆိုပါသန္ဓေသားကို မေ ၂၈ရက်က ခွဲစိတ်ထုတ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီးကလေးငယ်၏ မိခင်ဖြစ်သူက ''ဒီကလေးကို ကိုယ်ဝန်ဆောင် တုန်းက ဆရာဝန်က အမြွှာဖြစ် နိုင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ မွေးတော့ တစ်ယောက် တည်းပဲ။ ကလေးကိုမွေးတုန်းက မသိဘူး။ ဒီနှစ် မတ်လလောက်ကမှ ဘဲဥ လောက် အရွယ်အလုံးက ဗိုက်အပြင်ကို စူထွက်လာတယ်။ ကင်ဆာ ထင် ပြီး စိုးရိမ်ပြီး တော့ ရန်ကုန်တက် လာခဲ့ပါတယ်။ အပြင်ဆေးခန်းမှာ ပြတော့ ဓာတ်မှန်ရိုက်ပြီး စိုးရိမ် ရတယ်ဆိုလို့ ခွဲစိတ်ဖို့စီစဉ်ဆောင် ရွက်ခဲ့တာ ပါ။ ခွဲလိုက် တော့ မျက် လုံး၊ နှာခေါင်း နဲ့ ခြေလက်လေး တွေပါတဲ့ ကလေးလို့ ယူဆနိုင်တဲ့ ဟာကိုတွေ့တာပါပဲ''ဟု ပြောသည်။

ယင်းကဲ့သို့ခွဲစိတ်ရန်အတွက် ဆေးကုသမှုမှာ မေ၁၃ရက်မှစ၍ ၂၂ရက်ကြာရှိခဲ့ပြီး မေ၂၈ရက် တွင်ခွဲစိတ်ခဲ့ကာ ကလေးငယ်မှာ ဇွန်၅ရက်တွင် ဆေးရုံမှဆင်းခဲ့ ကြောင်း သိရသည်။ ကလေးကို ခွဲစိတ်ချိန်မှာ မွန်းလွဲ၁နာရီခွဲတွင် စတင်ခွဲစိတ် ခဲ့ပြီး ညနေ ၆နာရီတွင်ခွဲခန်းမှ ထွက်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ ကလေးငယ် အားခွဲစိတ်ခဲ့သူ ကလေးခွဲစိတ်အထူးကုဆရာဝန် ကြီးက ''ဒီကလေးကို ကျွန်မခွဲစိတ် ပေးခဲ့တယ်။ ကင်ဆာလိုမျိုးဆန်းတဲ့ အလုံးလဲမဟုတ်ပါဘူး။ ရိုးရိုး အလုံး တစ်ခုပါပဲ။ သန္ဓေသားမ ဟုတ်လို့ နင်0x081အကျှုည်ငအက လို့ပြော လို့မရပါဘူး။ ဒီလိုကလေးမျိုးပုံ မျိုးတွေက မကြာခဏလာတတ် ပါတယ်''ဟု ပြောသည်။

ကလေးငယ်၏ ဖခင်မှာ ဦးမိုးဇော်ဦးနှင့် မိခင်မှာ ဒေါ်အေး အေးသင်းဖြစ်ပြီး ကလေးမှာ မွေး ချင်းမောင်နှမသုံးဦးတွင် အငယ် ဆုံးဖြစ်ပြီး ယခုနှစ်တွင် အ. မ.က ကွင်းညား တောတွင် ပထမတန်း တက်ရောက်သင်ကြားမည်ဖြစ်ကြောင်းသိရသည်။ရန်ကင်းကလေးဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင် မြင့်လွင် က''သန္ဓေသား ဘဝမှာ နင်0x081အကျှုည်ငအက လို့ခေါ်တဲ့ နောက် သန္ဓေသားဖြစ်တယ်လို့ ယူဆလို့ ရ တယ် သန္ဓေသားလုံးဖြစ်နိုင်တယ်။ လူတော့မဖြစ်ဘူး။ လူရုပ်လုံး တော့ မပေါ်ဘူးပေါ့။ တခိျု့ ဆို ကလေးပုံ မပီဝိုးတဝါး ပေါ်တာမျိုး ရှိတယ်။ အဲဒီလိုမျိုးဖြစ်နိုင်တယ်'' ဟု ပြောသည်။

ယင်းဖြစ်စဉ်က မြန်မာ့ဆေး ပညာလောကတွင် ထူးခြားသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး လူငါးသိန်း တွင် တစ်ဦးနှုန်းဖြစ်နိုင်ခြေရှိ ကြောင်း သိရသည်။  နိုင်ငံတကာတွင်လည်း အ လားတူဖြစ်စဉ်များဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်မှာ ၂၀၀၃ခုနှစ်တွင် အသက်ခုနစ်နှစ်ရှိ ၄င်း၏ဝမ်းဗိုက် မှာကြီးထွားလာ၍ ကျောင်းဆရာ ဝန်က ဆေးရုံသို့ပို့ခဲ့သည်။ ခွဲစိတ် မှုပြုလုပ်ခဲ့ရာ အမြွှာပူးယောကျာ်း လေးနှစ်ဦးပါသော အရည်အိတ် ကို တွေ့ရသည်။ ၄င်းမှာ ဤ ကလေး၏ဝမ်းထဲ၌ ကပ်ပါးအဖြစ် တည်ရှိနေခဲ့သည်။ သန္ဓေမှာ အ တော်ကြီးထွား နေသည်။ ဆံပင် များ ပေါက်နေ၍ လက်ခြေများ စုံနေပြီး ခေါင်းနှင့် မျက်နှာများ ဖြစ်ပေါ်နေပြီဖြစ်သည်။ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ခုနှစ် အတွင်း အလား တူဖြစ်ရပ်မျိုး ရှစ်ခုဖြစ်ပွားခဲ့သည်။

ယာဉ်တိုက်မှုများကြောင်း မန်းခရိုင်အတွင်း တစ်နေ့လျှင် လူ (၃)ဦးမျှသေဆုံး

www.thithtoolwin.net  

ဆိုင်ကယ်တိုက်မှု အများဆုံးပါဝင်သည့် ယာဉ်မတော်တဆမှုများကြောင့် မန္တလေးခရိုင်အတွင်း တစ်ရက်လျှင် လူသုံးဦး အသက်ဆုံးရှုံးနေရကြောင်း မန္တလေးခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းယာဉ်ထိန်းရဲအရာရှိက ''ဆိုင်ကယ် တိုက်မှုကြောင့် အသက်ဆုံးရှုံးတာ ပိုများတယ်။ မေလတစ်လထဲမှာပဲ မန္တလေးခရိုင်အတွင်း စုစုပေါင်း ၈၂ ဦးသေဆုံးခဲ့ရတယ်'' ဟု မဇ္ဈိမသို့ ပြောသည်။

မေလအတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ၁၇၃ မှုအနက် ဆိုင်ကယ်တိုက်မှုက ၁၁၉မှုရှိခဲ့သည် ဟုလည်း ယင်းရဲအရာရှိက ဆိုသည်။ ဆိုင် ကယ်ကြောင့် အသက်ဆုံးရှုံးရသူဦးရေမှာ ၅၄ ဦး ရှိခဲ့သည်ဟုလည်း မေးမြန်း သိရှိရသည်။

ယာဉ်မတော်တဆမှုများကြောင့် ဒဏ်ရာရသူ စုစုပေါင်း ၂၁၉ ဦးရှိကာ ဆိုင်ကယ်ကြောင့် ဖြစ်ပွားသူ ၁၃၂ ဦး ရှိသည်ဟု ယာဉ်ထိန်းရဲစခန်းမှ ထုတ်ပြန်ချက်များတွင် ဖေါ်ပြထားသည်။ ယာဉ်တိုက်မှုအဖြစ်များဆုံး အချိန်မှာ ညနေ ၆နာရီမှ ၁၂ နာရီထိ အချိန် တွင်ဖြစ်ကြောင်း သိရှိရသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ကျအရာရှိတစ်ဦးက ယာဉ်မတော် တဆမှုများ လျော့ကျရေးနှင့် ပတ်သက်၍ ပြောဆိုရာတွင် ညပိုင်း ယာဉ်မတော်တဆမှုများ လျော့ကျ သွားစေရန် မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်သူများကို ''အရက်တိုင်းတာစက်''များဖြင့် စစ်ဆေးတိုင်းတာ အရေးယူလျှက်ရှိကြောင်း ပြော ဆိုသည်။

မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးကျော်ဆန်းက ''စည်းကမ်းပျက်တဲ့ ယာဉ်တွေ မလိုက်နာ တဲ့ ယာဉ်တွေကို စီမံချက်နဲ့ ဖမ်းနေတယ်။ ဒါပေမဲ့ စည်း ကမ်းလိုက်နာမှု အားနည်းနေတယ်။ စစ်ဆေးအရေးယူ မှုတွေ ဆက်တိုက်လုပ်နေတယ်။ ဖမ်းတာလည်း လုပ်နေတယ်။ ဒါပေမဲ့ မလျော့သွားဘူး။ မြို့ပြင်တွေမှာ အရမ်း စည်းကမ်းပျက်တာများတယ်'' ဟု မဇ္ဈိမ သို့ ပြောသည်။

ယာဉ်စည်းကမ်း လိုက်နာမှုရှိလာအောင် ဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက ပြောရာတွင်မြို့တွင်း၌ စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လာသဖြင့် ယာဉ်တိုက်မှု အနည်း ငယ်လျော့ ကျလာပြီး ယာဉ်ကြောပိတ်ဆို့မှု အနည်းငယ်လျော့ကျလာကြောင်း၊ ယခု နောက်ပိုင်း မြို့ပြင်များတွင် ယာဉ်စည်း ကမ်း လိုက်နာရေးအတွက် စစ်ဆေးအရေးယူမှုများ လုပ်ဆောင်သွားမည်ဟု မဇ္ဈိမသို့ ပြောသည်။

Tuesday, June 18, 2013

လာက်စားမှုပပျောက်ရေးဆောင်ရွက်နေသော်လည်းလာက်စားမှုများဖြစ်ပွားလျှက်ရှိနေ

ကျောက်ဆည်ခရိုင်တံတားဦးမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းနားရွာများတွင်နေထိုင်လျှက်ရှိသော ရပ်ကွက်ကျေးရွာများတွင် သစ်မှောင်ခိုလုပ်ငန်းလုပ်ကိုင်သူများ ပေါများစွာရှိ
နေသော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတို့မှအရေးယူဆောင်ရွက်မှုမရှိခြင်း တို့ကြောင့် မဖြစ်သင့်သော ဒုစရိုက်မှုများ လူသတ်မှုများမကြာခဏဖြစ်ပေါ်လျှက်
ရှိနေ အဆိုပါ ဒုစရိုက်မှုများလူသတ်မှုများ မကြာခဏဖြစ်ပွားလျှက်ရှိသောကြောင့် သစ်မှောင်ခိုသမားများနှင့်လောင်းကစားသမားများအားဖမ်းဆီးအရေးယူဆောင်ရွက်ခြင်းမရှိဘဲ တံတားဦး
မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး မျိုးမြင့်ဟန်ဆိုသူမှ သစ်မှောင်ခိုသမားများ လောင်းကစားသမားများထံမှ လာက်ပေးလာက်ယူပြုလုပ်ကာ အကျင့်ပျက်ချစားလျှက် ရှိနေပြီးမှောင်ခို
သမားများအားဖမ်းဆီးအရေးယူခြင်းမရှိဘဲလာက်စားနေသောရဲတပ်ဖွဲ့ဝင်များအားစီစစ်အရေးယူဆောင်ရွက်နိုင်ရေးရေးသားလိုက်ရပါသည်။href="http://www.thithtoolwin.net">

Saturday, June 15, 2013

ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ လိုင်စင်မဲ့ယာဉ် ၁ စီး ဖမ်းဆီးရမိ

၁၄-၆-၂၀၁၃ ရက်နေ့ ၁၀၃၈ အချိန် ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့ ရွှေသံလွင် တိုးဂိတ်အနီး ဘုရားကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ပဲခူးတိုင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ၀န်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မှ ပဲခူးသို့ မော်လမြိုင်မြို့၊ ရွှေပြည်အေးရပ်ကွ...က်၊ အာရှလမ်းနေ ဦးအောင်ကျော်မြင့်(၅၇)နှစ် မောင်းနှင်လာသည့် ၇ဂ/xxxx မစ်ဇူဘီရှီခဲစိမ်းရောင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ ယာဉ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်း အထောက်အထားများ ပြည့်စုံစွာပြသနိုင်ခြင်းမရှိသဖြင့် ဦးအောင်ကျော်မြင့် အား ဘုရားကြီးနယ်မြေရဲစခန်း(ပ)၆၉/၂၀၁၃၊ ပို့ကုန်နှင့်သွင်းကုန်ဥပဒေပုဒ်မ ၈/၁၀ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Friday, June 14, 2013

ကျောက်ဆည်ခရိုင် အတွင်းရှိ တံတားဦး မြို့နယ်တွင်ယာဉ်လမ်းစည်းကမ်းများဆောင်ရွက်လျှက်ရှိ

ကျောက်ဆည်ခရိုင်တံတားဦးမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများအား 1.6.2013 ရက်နေ့ မှစပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်းများဆောင်ရွက်လျှက်ရှိပြီး စည်းကမ်းပျက်မော်တော်ယာဉ် / မော်တော်ဆိုင်ကယ်များအား တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး တရားရုံးများတွင် နေ့ခြင်း တရားစွဲဆိုကာ ဒဏ်ငွေရိုက်လျှက်ရှိပ်ါသည်။ တစ်မှု့လျှင် ဒဏ်ငွေကျပ် 30000 ကျပ် မှ 100000 ကျပ် ထိ ရှိပြီး သတ်မှတ်ချက်များနှင့်မောင်းနှင်ခြင်းမရှိသော မော်တော်ဆိုင်ကယ်များ/ကားများအား သတ်မှတ်ဒဏ်ငွေများအား မြှိုနယ်ဥပဒေရုံးတွင် တရားစွဲဆိုပြီး ဒဏ်ငွေအားပေးဆောင်ခြင်းမရှိက ထောင်ဒဏ် (6)လ ချမည်ဖြစ်ကြောင်း ၊ယာဉ်စည်းကမ်းလမ်းစည်းကမ်းများဆောင်ရွက်ရာ ပြည်သူလူထုများအနေဖြင့် ယခင်က ယာဉ် စည်းကမ်းလမ်းစည်းကမ်းများဆောင်ရွက်ခဲ့ခြင်းမရှိခဲ့သောကြောင့် ယခုလို စည်းကမ်းမဲ့ယာဉ်များသွားလာနေမှုအားဖမ်းဆီးအရေးယူဆောင် ရွက်ခြင်းဖြင့် ခေတ်မိသော နိုင်ငံကြီးသားပီသသော မြန်မာနိုင်ငံသားများဖြစ်လာစေရေး အတွက်ကောင်းမွန်သော အရာတစ်ခုပင်ဖြစ် ကြောင်း ပြည်သူလူထုတစ်ယောက်၏ ရင်ဖွင့်စကားသံကိုရေးသားဖော်ပြလိုက်ရပါသည်။