Sunday, January 6, 2013

တိုက်ပေါ်မှပြုတ်ကျသေဆုံးမှု့ဖြစ်

၎-၁-၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံ အနောက်ရပ်ကွက် (၂၇x၂၈)လမ်းနှင့် (၈၄x၈၅)ကြား ““မန်းမြန်မာ”” ပလာဇာဈေး အတွင်း အမျိုးသမီးတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံးကြောင်း သတင်းအရ မန္တလေးအမှတ်(၆)ရဲစခန်း တပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ သေဆုံးသူမှာ ပုသိမ်ကြီးမြို့နယ်၊ သဲကုန်းရွာနေ မရတနာဦး(၁၇)နှစ်ဖြစ်ပြီး ““မန်းမြန်မာ”” ပလာဇာ လူနေတိုက်ခန်းများ ဆောက်လုပ်ဆဲ အရှေ့ဘက်အခန်းတွင် သန့်ရှင်းရေးပြုလုပ်၍ အလုပ်နားချိန်တွင် ထမင်းစားရန်အတွက် အခန်းမှ အထွက်တွင် တံခါးပိတ်မိနေသဖြင့် အခန်းဝရံတာအရှေ့ဘက်မှ အခြားပြူတင်းပေါက်သို့ကူးစဉ် (၁၇)ထပ်မှ (၆)ထပ်သို့ ပြုတ်ကျ၍ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။ အလောင်းအား မန္တလေး ဆေးရုံကြီးသို့ပို့အပ်၍ အမှတ်(၆)ရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၃)ဖြင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment