This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, June 20, 2013

ဆွဲတင်စစ်ရုံးချိန်း တရားလိုပျက်ကွက်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူဦးရေစာရင်း ကောက်ယူရေးစီမံချက် (ဆွဲတင်စစ်) အကောင်အထည်ဖော်တုန်းက ဖြစ်ခဲ့တဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ဆက်နွယ်သူတွေအပေါ် စွဲဆိုတဲ့အမှုကို ဒီကနေ့ ရုံးထုတ်ရာမှာ တရားလိုအဖြစ် စွဲဆိုသူ မလာရောက်တဲ့အတွက် မစစ်ဆေးဖြစ်ဘဲ တရားခွင်ရပ်နားခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရအစီအစဉ်နဲ့ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီလူဦးရေစာရင်းကောက်ယူတဲ့ (ဆွဲတင်စစ်) အစီအစဉ် စစချင်းမှာပဲ  ပြဿနာဖြစ်ပြီး ရုံးတင်တရားစွဲခံရတာပါ။

စစ်တွေမြို့ သက်ကယ်ပြင်ကျေးရွာမှာ မွတ်စလင်အမျိုးသမီး မဆော်လေမာက သူဟာ ရိုဟင်ဂျာလူမျိုးဖြစ်တယ်လို့ ပြောတာကို ဘင်္ဂါလီလို့ စာရင်းသွင်းဖို့လုပ်ရာက စကားများပြီး လူအုပ်စုနဲ့ ခဲတွေနဲ့ ၀ိုင်းပေါက်လို့ စစ်ဆေးရေးအဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်၊

ဒါကြောင့်  လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးရန်အောင်မြင့်က တရားလိုပြုပြီး မေ ၂၃ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးမှာ မဆော်လေမာ၊ မာမောက်ဟာရှင်၊ ဦးစံလင်း၊ ဦးကျော်မြင့်၊ ဦးဘသာ၊ ဦးလှမြင့်တို့ကို ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်မှု၊ ၀တ္တရားနှောင့်ယှက်မှု၊ ဓားပြမှု၊ ခြိမ်းခြောက်မှု အားပေးကူညီမှုတွေနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ ချိန်းဆိုတဲ့ တရားခွင်ကို တရားလို လ၀ကဦးစီးမှူး ဦးရန်အောင်မြင့် ပျက်ကွက်လို့ မစစ်ဖြစ်ဘဲ နောက်နေ့ ဆက်စစ်မယ်လို့စွပ်စွဲခံရသူတွေဘက်က ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

ဒီနေ့ရုံးချိန်းကို ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အရာရှိတဦးလည်း ဒုတိယအကြိမ် တက်ရောက်နားထောင်တယ်လို့ ဆိုပါတယ်။

ဇွန် ၆ ရက်နေ့ ရုံးချိန်းတုန်းကတော့ တရားခံပြေး နောက်ထပ် ၂၄ ဦးအပေါ်  အမှုဖွင့်ချက်ကို တရားရုံးမှာ အတည်ပြုခဲ့ပါတယ်။ အဲဒီရုံးချိန်းတုန်းကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက ဌာနေအရာရှိတွေ တက်ရောက်နားထောင်တယ်လို့ ဦးလှမျိုးမြင့်က ပြောပါတယ်။

“သူတို့က တကူးတကကို လာပြီး စောင့်ကြည့်တယ်။ တရားရေးကလည်း စီစဉ်ပေးပါတယ်။ နောက် သူတို့က အမှုကြောင်းကို မေးတော့ ကျနော်ရှင်းပြတယ်။ ”

ရခိုင်ပြည်နယ်တခွင်မှာ အဖွဲ့ ၆၃ ဖွဲ့ ဖွဲ့စည်းပြီး ဘင်္ဂလီလူဦးရေစာရင်းကောက်တဲ့ ဆွဲတင်စစ် စီမံချက်ကို စတင်တဲ့ ဧပြီ ၂၆ ရက်နေ့ ပထမဆုံးနေ့မှာပဲ စစ်တွေမြို့က သက်ကယ်ပြင်ကျေးရွာ မွတ်စလင်ဒုက္ခသည်စခန်းမှာ ပြဿနာ ဖြစ်ခဲ့တာပါ။

စီမံချက်စတဲ့နေ့မှာပဲ ပြဿနာ ဖြစ်ပြီး ရပ်ထားတဲ့အဲဒီဆွဲတင်စစ်စီမံချက်ကို  ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးဦးလှသိန်းက ပြောကြားထားပါတယ်။

ခြောက်နှစ်အရွယ်ယောကျာ်းလေး၏ ဝမ်းဗိုက်အတွင်းမှ သန္ဓေသားကို အောင်မြင်စွာခွဲထုတ်

ကမ္ဘာတွင် ထူးခြားဖြစ်စဉ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံမှ အသက်ခြောက်နှစ် အရွယ်ယောကျာ်းလေးတစ်ဦး၏ ဝမ်းဗိုက်အတွင်းတွင်ရှိသော သန္ဓေ သားကို ရန်ကုန်တွင် အောင်မြင်စွာခွဲ စိတ်ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်သည် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း မြို့နယ် တောင်ကုန်းကျေးရွာတွင် နေထိုင်လျက် ရှိ သည့် မောင်--- ၏ဝမ်းဗိုက်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ် ပြီး အဆိုပါသန္ဓေသားကို မေ ၂၈ရက်က ခွဲစိတ်ထုတ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီးကလေးငယ်၏ မိခင်ဖြစ်သူက ''ဒီကလေးကို ကိုယ်ဝန်ဆောင် တုန်းက ဆရာဝန်က အမြွှာဖြစ် နိုင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ မွေးတော့ တစ်ယောက် တည်းပဲ။ ကလေးကိုမွေးတုန်းက မသိဘူး။ ဒီနှစ် မတ်လလောက်ကမှ ဘဲဥ လောက် အရွယ်အလုံးက ဗိုက်အပြင်ကို စူထွက်လာတယ်။ ကင်ဆာ ထင် ပြီး စိုးရိမ်ပြီး တော့ ရန်ကုန်တက် လာခဲ့ပါတယ်။ အပြင်ဆေးခန်းမှာ ပြတော့ ဓာတ်မှန်ရိုက်ပြီး စိုးရိမ် ရတယ်ဆိုလို့ ခွဲစိတ်ဖို့စီစဉ်ဆောင် ရွက်ခဲ့တာ ပါ။ ခွဲလိုက် တော့ မျက် လုံး၊ နှာခေါင်း နဲ့ ခြေလက်လေး တွေပါတဲ့ ကလေးလို့ ယူဆနိုင်တဲ့ ဟာကိုတွေ့တာပါပဲ''ဟု ပြောသည်။

ယင်းကဲ့သို့ခွဲစိတ်ရန်အတွက် ဆေးကုသမှုမှာ မေ၁၃ရက်မှစ၍ ၂၂ရက်ကြာရှိခဲ့ပြီး မေ၂၈ရက် တွင်ခွဲစိတ်ခဲ့ကာ ကလေးငယ်မှာ ဇွန်၅ရက်တွင် ဆေးရုံမှဆင်းခဲ့ ကြောင်း သိရသည်။ ကလေးကို ခွဲစိတ်ချိန်မှာ မွန်းလွဲ၁နာရီခွဲတွင် စတင်ခွဲစိတ် ခဲ့ပြီး ညနေ ၆နာရီတွင်ခွဲခန်းမှ ထွက်ခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ ကလေးငယ် အားခွဲစိတ်ခဲ့သူ ကလေးခွဲစိတ်အထူးကုဆရာဝန် ကြီးက ''ဒီကလေးကို ကျွန်မခွဲစိတ် ပေးခဲ့တယ်။ ကင်ဆာလိုမျိုးဆန်းတဲ့ အလုံးလဲမဟုတ်ပါဘူး။ ရိုးရိုး အလုံး တစ်ခုပါပဲ။ သန္ဓေသားမ ဟုတ်လို့ နင်0x081အကျှုည်ငအက လို့ပြော လို့မရပါဘူး။ ဒီလိုကလေးမျိုးပုံ မျိုးတွေက မကြာခဏလာတတ် ပါတယ်''ဟု ပြောသည်။

ကလေးငယ်၏ ဖခင်မှာ ဦးမိုးဇော်ဦးနှင့် မိခင်မှာ ဒေါ်အေး အေးသင်းဖြစ်ပြီး ကလေးမှာ မွေး ချင်းမောင်နှမသုံးဦးတွင် အငယ် ဆုံးဖြစ်ပြီး ယခုနှစ်တွင် အ. မ.က ကွင်းညား တောတွင် ပထမတန်း တက်ရောက်သင်ကြားမည်ဖြစ်ကြောင်းသိရသည်။ရန်ကင်းကလေးဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင် မြင့်လွင် က''သန္ဓေသား ဘဝမှာ နင်0x081အကျှုည်ငအက လို့ခေါ်တဲ့ နောက် သန္ဓေသားဖြစ်တယ်လို့ ယူဆလို့ ရ တယ် သန္ဓေသားလုံးဖြစ်နိုင်တယ်။ လူတော့မဖြစ်ဘူး။ လူရုပ်လုံး တော့ မပေါ်ဘူးပေါ့။ တခိျု့ ဆို ကလေးပုံ မပီဝိုးတဝါး ပေါ်တာမျိုး ရှိတယ်။ အဲဒီလိုမျိုးဖြစ်နိုင်တယ်'' ဟု ပြောသည်။

ယင်းဖြစ်စဉ်က မြန်မာ့ဆေး ပညာလောကတွင် ထူးခြားသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး လူငါးသိန်း တွင် တစ်ဦးနှုန်းဖြစ်နိုင်ခြေရှိ ကြောင်း သိရသည်။  နိုင်ငံတကာတွင်လည်း အ လားတူဖြစ်စဉ်များဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်မှာ ၂၀၀၃ခုနှစ်တွင် အသက်ခုနစ်နှစ်ရှိ ၄င်း၏ဝမ်းဗိုက် မှာကြီးထွားလာ၍ ကျောင်းဆရာ ဝန်က ဆေးရုံသို့ပို့ခဲ့သည်။ ခွဲစိတ် မှုပြုလုပ်ခဲ့ရာ အမြွှာပူးယောကျာ်း လေးနှစ်ဦးပါသော အရည်အိတ် ကို တွေ့ရသည်။ ၄င်းမှာ ဤ ကလေး၏ဝမ်းထဲ၌ ကပ်ပါးအဖြစ် တည်ရှိနေခဲ့သည်။ သန္ဓေမှာ အ တော်ကြီးထွား နေသည်။ ဆံပင် များ ပေါက်နေ၍ လက်ခြေများ စုံနေပြီး ခေါင်းနှင့် မျက်နှာများ ဖြစ်ပေါ်နေပြီဖြစ်သည်။ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ခုနှစ် အတွင်း အလား တူဖြစ်ရပ်မျိုး ရှစ်ခုဖြစ်ပွားခဲ့သည်။

ယာဉ်တိုက်မှုများကြောင်း မန်းခရိုင်အတွင်း တစ်နေ့လျှင် လူ (၃)ဦးမျှသေဆုံး

www.thithtoolwin.net  

ဆိုင်ကယ်တိုက်မှု အများဆုံးပါဝင်သည့် ယာဉ်မတော်တဆမှုများကြောင့် မန္တလေးခရိုင်အတွင်း တစ်ရက်လျှင် လူသုံးဦး အသက်ဆုံးရှုံးနေရကြောင်း မန္တလေးခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းယာဉ်ထိန်းရဲအရာရှိက ''ဆိုင်ကယ် တိုက်မှုကြောင့် အသက်ဆုံးရှုံးတာ ပိုများတယ်။ မေလတစ်လထဲမှာပဲ မန္တလေးခရိုင်အတွင်း စုစုပေါင်း ၈၂ ဦးသေဆုံးခဲ့ရတယ်'' ဟု မဇ္ဈိမသို့ ပြောသည်။

မေလအတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု ၁၇၃ မှုအနက် ဆိုင်ကယ်တိုက်မှုက ၁၁၉မှုရှိခဲ့သည် ဟုလည်း ယင်းရဲအရာရှိက ဆိုသည်။ ဆိုင် ကယ်ကြောင့် အသက်ဆုံးရှုံးရသူဦးရေမှာ ၅၄ ဦး ရှိခဲ့သည်ဟုလည်း မေးမြန်း သိရှိရသည်။

ယာဉ်မတော်တဆမှုများကြောင့် ဒဏ်ရာရသူ စုစုပေါင်း ၂၁၉ ဦးရှိကာ ဆိုင်ကယ်ကြောင့် ဖြစ်ပွားသူ ၁၃၂ ဦး ရှိသည်ဟု ယာဉ်ထိန်းရဲစခန်းမှ ထုတ်ပြန်ချက်များတွင် ဖေါ်ပြထားသည်။ ယာဉ်တိုက်မှုအဖြစ်များဆုံး အချိန်မှာ ညနေ ၆နာရီမှ ၁၂ နာရီထိ အချိန် တွင်ဖြစ်ကြောင်း သိရှိရသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ကျအရာရှိတစ်ဦးက ယာဉ်မတော် တဆမှုများ လျော့ကျရေးနှင့် ပတ်သက်၍ ပြောဆိုရာတွင် ညပိုင်း ယာဉ်မတော်တဆမှုများ လျော့ကျ သွားစေရန် မူးယစ်သောက်စားပြီး ယာဉ်မောင်းနှင်သူများကို ''အရက်တိုင်းတာစက်''များဖြင့် စစ်ဆေးတိုင်းတာ အရေးယူလျှက်ရှိကြောင်း ပြော ဆိုသည်။

မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးကျော်ဆန်းက ''စည်းကမ်းပျက်တဲ့ ယာဉ်တွေ မလိုက်နာ တဲ့ ယာဉ်တွေကို စီမံချက်နဲ့ ဖမ်းနေတယ်။ ဒါပေမဲ့ စည်း ကမ်းလိုက်နာမှု အားနည်းနေတယ်။ စစ်ဆေးအရေးယူ မှုတွေ ဆက်တိုက်လုပ်နေတယ်။ ဖမ်းတာလည်း လုပ်နေတယ်။ ဒါပေမဲ့ မလျော့သွားဘူး။ မြို့ပြင်တွေမှာ အရမ်း စည်းကမ်းပျက်တာများတယ်'' ဟု မဇ္ဈိမ သို့ ပြောသည်။

ယာဉ်စည်းကမ်း လိုက်နာမှုရှိလာအောင် ဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက ပြောရာတွင်မြို့တွင်း၌ စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လာသဖြင့် ယာဉ်တိုက်မှု အနည်း ငယ်လျော့ ကျလာပြီး ယာဉ်ကြောပိတ်ဆို့မှု အနည်းငယ်လျော့ကျလာကြောင်း၊ ယခု နောက်ပိုင်း မြို့ပြင်များတွင် ယာဉ်စည်း ကမ်း လိုက်နာရေးအတွက် စစ်ဆေးအရေးယူမှုများ လုပ်ဆောင်သွားမည်ဟု မဇ္ဈိမသို့ ပြောသည်။