This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, December 31, 2012

မြန်မာအင်ဂျင်နီယာကျေယင်းသားများအမိကျောင်းတော်ကြီးနှင့်ပြန်လည်တွေ့ဆုံမှု့

အင်ဂျင်နီယာ ကျောင်းသား ကျောင်းသူဟောင်း ၃၅၀၀၏ နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံမှုကို အင်းစိန်ကြို့ကုန်းရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ဒီဇင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက ဆရာကန်တော့ပွဲနှင့် ကျောင်းသား ကျောင်းသူများ တွေ့ဆုံပွဲကို ကျင်းပခဲ့ကြပါသည်။ ၁၉၆၆ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း ယခင် အာအိုင်တီဟု လူသိများသော ရန်ကုန် စက်မှု တက္ကသိုလ် အဆက်ဆက်တွင် ပညာ သင်ကြားခဲ့ကြသော အင်ဂျင်နီယာ ဘာသာရပ် အားလုံးနှင့် ဗိသုကာ ကျောင်းသား ကျောင်းသူဟောင်းများ၏ ဆရာပူဇော်ပွဲ နှင့် တွေ့ဆုံပွဲကျင်းပခဲ့ခြင်းဖြစ်ပြီး ယခင်က ပြင်ပနေရာအသီးသီးတွင် ကျင်းပခဲ့ရာမှ ယခုနှစ်တွင် ကြို့ကုန်း နည်းပညာ တက္ကသိုလ်ကျောင်း၌ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပါမောက္ခချုပ်ဟောင်း ဒေါက်တာအောင်ကြီး၊ ပါမောက္ခ ဦးဘတုတ် အပါအဝင် အငြိမ်းစား ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ကထိကများ၊ နည်းပြ ဆရာ ဆရာမများ စုစုပေါင်း ၃၀၀-ခန့် တက်ရောက် ကန်တော့ခံခဲ့ကြပြီး၊ ပြည်တွင်းပြည်ပမှ အင်ဂျင်နီယာနှင့် ဗိသုကာကျောင်းသားကျောင်းသူဟောင်း ၃၅၀၀ ခန့် တက်ရောက်ခဲ့ ကြပါသည်။ အခမ်းအနားကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်မှ ချီးကျူး ဂုဏ်ပြုစကားပြောကြား၍ အခမ်းအနားမှူး အဖြစ် ဒေါ်တင်မိုးလွင်က ဆောင်ရွက် ခဲ့ပါသည်။ အဆိုပါပွဲ၌ သိပ္ပံနှင့် နည်းပညာဝန်ကြီးအဖြစ် စတင်တာဝန်ယူ ဆောင်ရွက်စဉ် ဤကျောင်း သို့လာရောက် ကြည့်ရှု၍ ဥပဓိရုပ် ပျက်ပြားနေသော ကျောင်းတော်ကြီးအား ဆရာ ဟောင်းများ၊ မိတ်ဆွေများ၊ အင်ဂျင်နီယာများနှင့် အင်ဂျင်နီယာလုပ်ငန်းများ အကူအညီဖြင့် ပြန်လည် ပြုပြင်ခဲ့ကြောင်း၊ ဤစက်မှုတက္ကသိုလ်အား ယခင် ကာလများကဲ့သို့ အရည်အချင်း ပြည့်မီသော စက်မှုတက္ကသိုလ်တစ်ခုအဖြစ် အရှေ့ တောင် အာရှတွင် သာမက ကမ္ဘာ့အဆင့် ရောက်ရှိစေရန် နိုင်ငံတော်နှင့် ကျောင်းသူ ကျောင်းသားဟောင်းများနှင့်တကွ အားလုံးပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က တိုက်တွန်းနှိုးဆော်ခဲ့သည်။ ယခင် အင်ဂျင်နီယာ ပညာရပ်များကို ရန်ကုန် တက္ကသိုလ် လက်အောက် မဟာအင်ဂျင်နီယာဌာနမှ သင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး ၁၉၆၂ ခုနှစ် ဇူလိုင်လ အရေးအခင်းပြီးနောက် တက္ကသိုလ်များအား ပိတ်ထားခဲ့ပါသည်။ တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၆၄ ခုနှစ်တွင် တက္ကသိုလ် ပညာရေး စနစ်သစ်အရ အင်းစိန်မြို့နယ် ကြို့ကုန်းရှိ လက်ရှိ စက်မှုတက္ကသိုလ် အဆောက် အဦးအား ဗမာစက်မှု တက္ကသိုလ် ( ဘီအိုင်တီ ) အမည်ဖြင့် ပါမောက္ခချုပ် ဦးရုံးမိုကို ခန့်အပ် တာဝန်ပေး ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ရန်ကုန် စက်မှု တက္ကသိုလ် ( အာအိုင်တီ ၊ ဝိုင်အိုင်တီ ) နှင့် ရန်ကုန် နည်းပညာတက္ကသိုလ် ( ဝိုင်တီယူ ) ဟု အမည် အဆင့်ဆင့် ပြောင်းခဲ့ပါသည်။ ၁၉၇၅ ခုနှစ်အတွင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရာပြည့် နှင့် ဦးသန့် ဈာပန အရေးအခင်း များတွင် စက်မှုတက္ကသိုလ် ကျောင်းသား ကျောင်းသူများသည် အခြားတက္ကသိုလ် ကျောင်းသားကျောင်းသူများ နှင့်အတူ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြပါသည်။ ၁၉၈၈ ခုနှစ် မတ်လတွင် ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသားများနှင့် ကြို့ကုန်း ရပ်ကွက်အတွင်းမှ လူငယ်များ ပဋိပက္ခဖြစ်ရာ လုံထိန်းရဲများ၏ အကြမ်းဖက် ကိုင်တွယ် နှိမ်နင်းမှုကြောင့် စက်မှု တက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် သေဆုံးခဲ့ပြီး ကျောင်း သား ဆူပူလှုပ်ရှားမှုများ စတင်ဖြစ်ပေါ်ခဲ့ရာ အထွေထွေမကျေနပ်မှုများ ခံစားနေ သော ပြည်သူလူထုများပါဝင်လာရာမှ သမိုင်းဝင် ရှစ်လေးလုံး အရေးအခင်း ဖြစ်ပေါ်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် တပ်မတော်မှ နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ နှင့် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ လက်ထက်များတွင် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စက်မှု တက္ကသိုလ် နှင့် မန္တလေးတက္ကသိုလ်စသည့် တက္ကသိုလ်များ၏ အရေးပါမှုကို လျှော့ချပြီး တက္ကသိုလ်များကို မြို့ပြင်ဝေးလံသည့် နေရာများတွင် တည်ဆောက် ဖွင့်လှစ်ကာ ကျောင်းဆောင်များ ပူးတွဲထားရှိသည့် စနစ်ကို ဖျက်သိမ်းခဲ့ပါသည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ရန်ကုန် နည်းပညာ တက္ကသိုလ်နှင့် မန္တလေး နည်းပညာ တက္ကသိုလ် တို့တွင် နိုင်ငံတကာ အဆင့်မီ အင်ဂျင်နီယာ သင်ရိုးညွှန်းတမ်း များ ရေးဆွဲပြုစုကာ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်၍ ကျောင်းသား ကျောင်းသူ ၂၅၀ စီ စတင် လက်ခံသင်ကြားလျှက်ရှိကြောင်းသိရပါသည်။ ရန်ကုန် စက်မှုတက္ကသိုလ်အား ပြင်ဆင် အလှခြယ်ထားခြင်းနှင့် ပတ်သက်၍ ၁၉၇၄ ခုနှစ်က အင်ဂျင်နီယာဘွဲ့ရခဲ့သူ အမျိုးသမီး တစ်ဦးက ယခုကဲ့သို့ဆိုသည်။ " ကျောင်းကြီးစည်စည် ကားကား နဲ့ ပြောင်ပြောင်ရောင်ရောင် မြင်ရတာ အရမ်း ပျော် တာဘဲ၊ အရင်က ဖြတ်သွားတိုင်း ဇရပ်ပျက်ကြီးလို စုတ်ပြတ်နေတာ မြင်ရရင် မျက်ရည် ကျမိတာ အခါခါပါဘဲ " ဟု အင်ဂျင်နီယာဘွဲ့ရ အမျိုးသမီးတစ်ဦးက ပြောသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဌ နှင့် ကော့မှူးမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက် ရန်ုကုန် တက္ကသိုလ်အား အစိုးရ စီမံခန့်ခွဲနေခြင်းအစား သက်ဆိုင်ရာ တက္ကသိုလ် ကောင်စီများ မှလွတ်လပ်စွာ စီမံခန့်ခွဲသည့် အဆင့်ရရှိရေး ကြိုးစားဆောင်ရွက်နေကြောင်း သိရ သည်။ " အင်ဂျင်နီယာဆိုတာ အခြေခံလူတန်းစား အလုပ်သမားတွေနဲ့ အမြဲ တွဲလုပ်နေကြ တာဆိုတော့ အခြေခံလူတန်းစားတွေ ဆင်းရဲဒုက္ခရောက်ရင် နာကျင်ခံစားကြရ တယ်။ ပြီးတော့ အင်ဂျင်နီယာရဲ့ သဘာဝကိုက စနစ်တကျ မှန်မှန်ကန်ကန် ဖွံ့ဖြိုးတိုးတက် ချင်တယ်၊ အမှားတွေ့ရင် အပျက်တွေ့ရင် ပြုပြင်ချင်တဲ့ စေတနာနဲ့ အကျင့် ရှိတယ်၊ အဲဒီအခါမှာ လူ့အဖွဲ့အစည်းအတွင်းမှာ အချင်းချင်းတွေ့ဆုံညှိနှိုင်း အဖြေရှာတဲ့ အလေ့ အကျင့် မရှိရင် အင်ဂျင်နီယာတွေက ပြဿနာကောင်တွေ ဖြစ်နေတတ်ပါတယ် " ဟု ၁၉၆၆ ခုနှစ်တွင် အင်ဂျင်နီယာဘွဲ့ရ အငြိမ်းစား ကထိက ဆရာ တစ်ဦးက ပြောကြား ခဲ့သည်။ ဆရာပူဇော်ပွဲအား နေ့လည် တစ်နာရီခန့်တွင် ပြီးစီးကာ ကျောင်းသား ကျောင်းသူဟောင်း အနုပညာရှင်များက အဆို အတီး အကများဖြင့် ဆက်လက် ဖြေဖျော်ကြပါသည်။ ညနေပိုင်းတွင်လည်း မြန်မာကွန်ဗင်းရှင်းစင်တာ၌ မိတ်ဆုံညစာ စားပွဲနှင့် ဖြေဖျော်ရေး အစီအစဉ်များ ဆက်လက် ကျင်းပခဲ့ကြသည်။ ညွန့်အောင် ( မြစ်မခ ) by Myit Makha Mediagroup

ဆက်သွယ်ရန်လိပ်စာများ

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နေပြည်တော်ရှိ တယ်လီဖုန်းနံပါတ်များ
၁။ ဇေယျာသီရိမြို့နယ်ရွှေတွင်းကုန်းရဲစခန်း ၀၆၇-၇၅၂၃၃
၂။ ပုဗ္ဗသီရိမြို့နယ် ထုံးဖိုရဲစခန်း
ပတ္တာရဲစခန်း ၀၆၇-၅၀၀၁၉၉
၀၆၇-၄၃၃၀၂၉
၃။ ဇဗ္ဗူသီရိမြို့နယ် နေပြည်တော် အမှတ်(၁)ရဲစခန်း
နေပြည်တော် အမှတ်(၂)ရဲစခန်း
နေပြည်တော် အမှတ်(၃)ရဲစခန်း
နေပြည်တော် အမှတ်(၄)ရဲစခန်း
နေပြည်တော် အမှတ်(၅)ရဲစခန်း
နေပြည်တော် အမှတ်(၇)ရဲစခန်း
နေပြည်တော် အမှတ်(၈)ရဲစခန်း ၀၆၇-၄၁၄၂၂၄
၀၆၇-၄၁၄၂၂၆
၀၆၇-၄၂၀၁၀၅
၀၆၇-၄၁၃၅၀၇
၀၆၇-၄၁၃၄၆၆
၀၆၇-၄၂၀၉၃၀
၀၆၇-၄၀၁၆၀၀
၄။ ဒဏ္ခိဏသီရိမြို့နယ် ပေါက်တောရဲစခန်း ၀၆၇-၄၁၉၁၉၉
၅။ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်း ၀၆၇-၄၁၇၅၅၉
၆။ ပျဉ်းမနားမြို့နယ် ပျဉ်းမနားရဲစခန်း ၀၆၇-၂၂၅၀၄
၇။ လယ်ဝေးမြို့နယ် လယ်ဝေးရဲစခန်း
အေလာရဲစခန်း
သာဝတ္ထိရဲစခန်း ၀၆၇-၃၀၃၅၉
၀၆၇-၆၀၁၉၉
၀၆၇-၆၅၁၉၉
၈။ တပ်ကုန်းမြို့နယ် တပ်ကုန်းရဲစခန်း ၀၆၇-၇၀၆၂၅

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ တယ်လီဖုန်းနံပါတ်များ
၁။ ဒဂုံတောင်ရဲစခန်း ၀၁-၅၉၀၀၉၃
၂။ ဒဂုံမြောက်ရဲစခန်း ၀၁-၅၈၄၁၀၉
၃။ ဒဂုံအရှေ့ရဲစခန်း ၀၁-၅၈၅၁၈၇
၄။ ဒဂုံဆိပ်ကမ်းရဲစခန်း ၀၁-၅၉၃၀၀၇
၅။ ဗိုလ်တထောင်ရဲစခန်း ၀၁-၂၉၁၈၇၄
၆။ မဂ်လာတောင်ညွန့်ရဲစခန်း ၀၁-၂၉၁၀၃၄
၇။ သာကေတအမှတ်(၁)ရဲစခန်း ၀၁-၅၅၆၈၆၅
၈။ သာကေတအမှတ်(၂)ရဲစခန်း ၀၁-၅၄၇၂၅၃
၉။ တောင်ဉက္ကလာပရဲစခန်း ၀၁-၅၆၁၆၄၂
၁၀။ မြောက်ဉက္ကလာပရဲစခန်း ၀၁-၉၆၉၉၃၈၄
၁၁။ ရွှေပေါက်ကံရဲစခန်း ၀၁-၉၆၉၅၅၆၁
၁၂။ ဝေဘာဂီရဲစခန်း ၀၁-၉၆၉၉၁၃၈
၁၃။ တာမွေရဲစခန်း ၀၁-၅၅၆၇၇၁
၁၄။ သဃ်န်းကျွှန်းရဲစခန်း ၀၁-၅၆၂၅၄၄
၁၅။ သု၀ဏ္ဏရဲစခန်း ၀၁-၅၆၂၅၈၈
၁၆။ ပုဇွန်တောင်ရဲစခန်း ၀၁-၂၉၁၂၁၈
၁၇။ ဒေါပုံရဲစခန်း ၀၁-၅၅၆၉၈၈
၁၈။ ရန်ကင်းရဲစခန်း ၀၁-၅၇၇၁၉၀
၁၉။ မရမ်းကုန်းရဲစခန်း ၀၁-၆၆၀၃၅၂
၂၀။ ဘုရင့်နောင်ရဲစခန်း ၀၁-၆၈၀၇၇၄
၂၁။ လှိုင်ရဲစခန်း ၀၁-၅၁၉၅၃၁
၂၂။ ပိတောက်ချောင်းရဲစခန်း ၀၁-၆၈၁၅၇၄
၂၃။ ကမာရွတ်ရဲစခန်း ၀၁-၅၃၄၃၀၄
၂၄။ ဗဟန်းရဲစခန်း ၀၁-၅၄၄၅၆၀
၂၅။ စမ်းချောင်းရဲစခန်း ၀၁-၅၃၅၁၈၄
၂၆။ ကြည့်မြင်တိုင်ရဲစခန်း ၀၁-၅၃၅၈၆၇
၂၇။ စက်ဆန်းရဲစခန်း ၀၁-၇၀၈၉၃၁
၂၈။ အလုံရဲစခန်း ၀၁-၂၂၀၇၉၃
၂၉။ လမ်းမတော်ရဲစခန်း ၀၁-၂၂၄၅၂၈
၃၀။ လသာရဲစခန်း ၀၁-၂၅၃၂၀၂
၃၁။ ပန်းဘဲတန်းရဲစခန်း ၀၁-၃၇၁၃၉၈
၃၂။ ကျောက်တံတားရဲစခန်း ၀၁-၃၇၁၀၅၄
၃၃။ ဆိပ်ကမ်းရဲစခန်း ၀၁-၂၅၆၉၂၀
၃၄။ ဒလရဲစခန်း ၀၁-၂၆၉၁၉၂
၃၅။ သံလျင်ရဲစခန်း ၀၅၆-၂၁၅၀၄
၃၆။ ကျောက်တန်းရဲစခန်း ၀၅၆-၂၅၅၀၄
၃၇။ အင်းစိန်ရဲစခန်း ၀၁-၆၄၅၈၁၉
၃၈။ မဂ်လာဒုံရဲစခန်း ၀၁-၆၄၅၀၇၄
၃၉။ ထောက်ကြံ့ရဲစခန်း ၀၁-၆၀၀၀၃၂
၄၀။ လှိုင်သာယာရဲစခန်း ၀၁-၆၄၅၀၁၆
၄၁။ မှော်ဘီရဲစခန်း ၀၁-၆၂၀၀၀၁
၄၂။ လှည်းကူးရဲစခန်း ၀၁-၆၂၉၀၀၉
၄၃။ တိုက်ကြီးရဲစခန်း ၀၅၅-၂၀၀၀၃
၄၄။ သောင်ကြီးရဲစခန်း ၀၁-၇၂၂၉၁၆
၄၅။ လှော်ကားရဲစခန်း ၀၁-၇၀၈၉၃၀

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ တယ်လီဖုန်းနံပါတ်များ
၁။ အမှတ်(၁)ရဲစခန်း ၀၂-၆၁၂၀၇
၂။ အမှတ်(၂)ရဲစခန်း ၀၂-၃၂၀၀၈
၃။ အမှတ်(၃)ရဲစခန်း ၀၂-၃၂၀၈၉
၄။ အမှတ်(၄)ရဲစခန်း ၀၂-၆၀၈၃၁
၅။ အမှတ်(၅)ရဲစခန်း ၀၂-၃၆၉၉၁
၆။ အမှတ်(၆)ရဲစခန်း ၀၂-၃၆၉၉၂
၇။ အမှတ်(၇)ရဲစခန်း ၀၂-၃၆၉၉၃
၈။ အမှတ်(၈)ရဲစခန်း ၀၂-၃၆၉၉၄
၉။ အမှတ်(၉)ရဲစခန်း ၀၂-၃၆၉၉၅
၁၀။ အမှတ်(၁၀)ရဲစခန်း ၀၂-၃၆၁၄၅
၁၁။ အမှတ်(၁၁)ရဲစခန်း ၀၂-၃၆၉၉၆
၁၂။ အောင်ပင်လယ်ရဲစခန်း ၀၂-၆၂၇၁၀
၁၃။ ပြည်ကြီးတံခွန်ရဲစခန်း ၀၂-၈၀၃၄၈
၁၄။ ပုသိမ်ကြီးရဲစခန်း ၀၂-၅၇၇၄၉
၁၅။ အုန်းချောရဲစခန်း ၀၈၅-၄၀၁၉၉
၁၆။ အမရပူရရဲစခန်း ၀၂-၇၀၉၉၈
၁၇။ မြစ်ငယ်ရဲစခန်း ၀၂-၅၅၀၇၅
၁၈။ ပြင်ဦးလွင်ရဲစခန်း ၀၈၅-၂၂၀၃၇
၁၉။ သရုပ်ပြရဲစခန်း ၀၂-၅၀၂၆၂
၂၀။ မတ္တရာရဲစခန်း ၀၂-၇၉၀၀၁
၂၁။ စဉ့်ကူးရဲစခန်း ၀၈၆-၃၅၁၉၉
၂၂။ သပိတ်ကျင်းရဲစခန်း ၀၈၆-၃၀၀၀၂
၂၃။ မိုးကုတ်ရဲစခန်း ၀၈၆-၂၀၀၁၃
၂၄။ ကျပ်ပြင်ရဲစခန်း ၀၈၆-၂၅၀၁၂
၂၅။ အချုပ်ထောင်ရဲစခန်း ၀၈၆-၂၀၀၁၄
၂၆။ ကျောက်ဆည်ရဲစခန်း ၀၆၆-၅၀၃၃၂
၂၇။ မြစ်သားရဲစခန်း ၀၆၆-၆၀၀၀၆
၂၈။ ကူမဲရဲစခန်း ၀၆၆-၆၂၀၁၃
၂၉။ စဉ့်ကိုင်ရဲစခန်း ၀၆၆-၄၀၀၃၁
၃၀။ ပလိပ်ရဲစခန်း ၀၆၆-၄၂၀၉၃
၃၁။ လေဆိပ်ရဲစခန်း ၀၂-၈၇၄၁၆
၃၂။ တံတားဦးရဲစခန်း ၀၆၆-၄၄၀၀၇
၃၃။ မိတ္ထီလာအမှတ်(၁)ရဲစခန်း ၀၆၄-၂၃၅၀၄
၃၄။ ရှမ်းမငယ်ရဲစခန်း ၀၉၆၅၂၀၆၇၁
၃၅။ အလယ်ရွာရဲစခန်း ၀၉၆၅၂၀၆၇၂
၃၆။ ယင်းမာပင်ရဲစခန်း ၀၉၆၅၂၀၆၇၃
၃၇။ ညောင်ရမ်းရဲစခန်း ၀၉၆၅၂၀၆၇၄
၃၈။ ဟံဇာရဲစခန်း ၀၉၆၅၂၀၆၇၅
၃၉။ ရွှေတောင်ရဲစခန်း ၀၉၆၅၂၀၇၂၄
၄၀။ ပင်းတလဲရဲစခန်း ၀၉၆၅၂၀၈၅၄
၄၁။ နှောကန်ရဲစခန်း ၀၉၆၅၂၀၇၃၆
၄၂။ ဆည်တိုရဲစခန်း ၀၉၆၅၂၀၇၃၅
၄၃။ မိတ္ထီလာအမှတ်(၂)ရဲစခန်း ၀၆၄-၂၃၅၀၅
၄၄။ မိတ္ထီလာအမှတ်(၃)ရဲစခန်း ၀၆၄-၃၅၁၉၉
၄၅။ မလှိုင်ရဲစခန်း ၀၆၄-၆၀၂၅၄
၄၆။ သာစည်ရဲစခန်း ၀၆၄-၆၉၀၀၁
၄၇။ ဝမ်းတွင်းရဲစခန်း ၀၆၄-၅၀၀၀၇
၄၈။ ရမည်းသင်းရဲစခန်း ၀၆၄-၄၀၀၀၃
၄၉။ ပျော်ဘွယ်ရဲစခန်း ၀၆၄-၄၉၀၀၆
၅၀။ မြင်းခြံအမှတ်(၁)ရဲစခန်း ၀၆၆-၂၁၅၀၄
၅၁။ မြင်းခြံအမှတ်(၂)ရဲစခန်း ၀၆၆-၂၁၀၃၉
၅၂။ ဆီမီးခုံရဲစခန်း ၀၆၆-၂၂၁၃၀
၅၃။ နွားထိုးကြီးရဲစခန်း ၀၆၆-၈၀၀၀၄
၅၄။ တောင်သာရဲစခန်း ၀၆၆-၇၀၅၀၄
၅၅။ ကျောက်ပန်းတောင်းရဲစခန်း ၀၆၁-၅၁၁၉၉
၅၆။ ငါန်းဇွန်ရဲစခန်း ၀၆၆-၄၆၂၂၉
၅၇။ ညောင်ဦးရဲစခန်း ၀၆၁-၆၀၅၀၃
၅၈။ ပုဂံရဲစခန်း ၀၆၁-၆၅၁၉၉

မူးယစ်ဆေးဝါးဖမ်းဆီးမှု့

၂၁-၁၂-၂၀၁၂ရက်နေ့ ၁၄၀၀အချိန် ကချင်ပြည်နယ်၊ ဗန်းမော်မူးယစ်(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ ဗန်းမော်မြို့၊ ၅ မိုင်စီအင်ကျေးရွာ ရွာလယ်လမ်းနှင့်မိုးမောက်သွားတောလမ်း လမ်းဆုံတွင် မိုးမောက်မှ ဗန်းမော်သို့ အင်းတော်မြို့နယ်၊ အောင်ဇေယျရပ်ကွက်နေ ယုမောင်(၃၅)နှစ်မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ ဆိုင်က...See More

ခွင်ပြုမိန့်တစ်စုံတစ်ရာမရရှိဘဲသယ်ဆောင်လာသောနွားများအားဖမ်းဆီးရမီခြင်း

၂၈-၁၂-၂၀၁၂ ရက်နေ့ ၀၀၃၀ အချိန် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် ပုလဲမြို့နယ် မုန်ကြိုင်းကျေးရွာ အရှေ့မြောက်ဘက် လမ်းဆုံတွင် ပုလဲမြို့နယ် ကန်ရိုးကျေးရွာနေ မြတ်အေး (၄၅)နှစ်၊ တစ်ရွာတည်း နေသူများဖြစ်သည့် မောင်ဇော် (၂၈)နှစ်၊ ရဲအောင် (၁၉)နှစ် ၊ရွှေတိုး (၂၇)နှစ်တို့အား ခွင့်ပြုမိန့် တစ်စုံတစ်ရာမပါရှိဘဲ တရားမ၀င် သယ်ဆောင်လာသော နွားထီး(၃)ကောင်၊ ကျွဲထီး(၃)ကောင်၊ ကျွဲမ (၂)ကောင်၊ စုစုပေါင်း ကျွဲ၊နွား (၈)ကောင်၊ တန်ဖိုးငွေကျပ် (၂၀၂၀၀၀၀)ဘိုးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့အား စစ်ဆေးရာ (၁)ဦးလျင် (၇၀၀၀)ကျပ်နှုန်းဖြင့် ကျွဲ၊ နွားများကို ယင်းမာပင်မြို့နယ် လက်တောင်းငယ်ကျေးရွာနေ ဦးကျော်စိန်ထံသို့ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း သိရှိရပြီး မြတ်အေးပါ (၄)ဦးတို့အား ပုလဲရဲစခန်း(ပ)၂၀၆/၂၀၁၂၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

လှိုင်မြစ်အတွင်းအုန်းသီးများသယ်ဆောင်လာသည့်စက်လှေရေနှစ်မြုပ်

၂၈-၁၂-၂၀၁၂ ရက်နေ့ ၁၃၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြစ်အတွင်း MIP စက်မှု ဆိပ်ကမ်းရှေ့ရေပြင်၌ ဒေးဒရဲမြို့နယ် ဇီးဖြူကုန်းကျေးရွာနေ ဦးမောင်ဝင်း (၄၅)နှစ် မောင်းနှင်ပြီး ၎င်းင်း၏ ဇနီးပါ(၄)ဦးနှင့် အုန်းသီး(၈၀၀၀)လုံး တင်ဆောင်လာသည့် အောင်ငြိမ်းချမ်းအမည်ရှိ သစ်သားချွန်စက်လှေ သည် လှေဝမ်းဗိုက်ပေါက်၍ ရေ၀င်နစ်မြုပ်ခဲ့သည်။ အဆိုပါ စက်လှေပေါ်ပါ လူ(၅)ဦးအား ဒဏ်ရာရရှိခြင်းမရှိဘဲ အနီး ပတ်ဝန်းကျင်ရှိ စက်လှေများမှ ၀ိုင်းဝန်းကယ်ဆယ်ခဲ့ပြီး အုန်းသီး(၇၉၀၀)လုံး အားလည်း ပြန်လည်ဆယ်ယူရရှိခဲ့သည်။ ရေယာဉ်အား ပေါ့ဆစွာမောင်းသူ ဦးမောင်ဝင်းအား ဥပဒေအရ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မြေငလျှင်တိုက်ခက်ဖြစ်ပွားခဲ့မှု့

၃၀-၁၂-၂၀၁၂ ရက်နေ့ ၁၇၁၂ အချိန် မန္တလေးမြေငလျင်စခန်း၏အရှေ့ဘက် ၆၅ မိုင်၊ မန္တလေးတိုင်း ဒေသကြီး၊ သပိတ်ကျင်းမြို့၏အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ (၄)မိုင်ကျေးရွာအနီးတောစပ်ကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၄.၄ ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုအား စိစစ်လျက်ရှိကြောင်း သတင်းရရှိသည်။

အရာရှိလောင်းအသိမှတ်ပြုအဆင့်တံဆိပ်များတပ်ဆင်ရေး

၂၈-၁၂-၂၀၁၂ ရက်နေ့ ၀၇၃၀ အချိန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဗဟိုလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၇၃/၂၀၁၂) ကတိသစ္စာခံယူခြင်းနှင့် အရာရှိလောင်းအသိအမှတ်ပြု အဆင့်တံဆိပ်တပ်ဆင်ပွဲအခမ်းအနား ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဗဟိုလေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ရဲမှူးချုပ် သိန်းဦး၊ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနမှူး/ဌာနခွဲမှူးများ၊ သင်တန်းနည်းပြများ၊ တပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ သင်တန်းသူဒုတိယရဲအုပ်လောင်း (၃၀၅)ဦးနှင့် ၎င်းတို့၏မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ကြီးမှ အမှာစကားပြောကြား၍ သင်တန်းသူ(၃၀၅)ဦးအား ကတိသစ္စာခံယူစေခြင်းနှင့် အရာရှိလောင်းအသိအမှတ်ပြု အဆင့်တံဆိပ်များ တပ်ဆင် ပေးခဲ့ကြောင်း သတင်းရရှိသည်။