Monday, December 31, 2012

အရာရှိလောင်းအသိမှတ်ပြုအဆင့်တံဆိပ်များတပ်ဆင်ရေး

၂၈-၁၂-၂၀၁၂ ရက်နေ့ ၀၇၃၀ အချိန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဗဟိုလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ်(၇၃/၂၀၁၂) ကတိသစ္စာခံယူခြင်းနှင့် အရာရှိလောင်းအသိအမှတ်ပြု အဆင့်တံဆိပ်တပ်ဆင်ပွဲအခမ်းအနား ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဗဟိုလေ့ကျင့်ရေးကျောင်း၊ ကျောင်းအုပ်ကြီး ရဲမှူးချုပ် သိန်းဦး၊ ဒုတိယကျောင်းအုပ်ကြီး၊ နည်းပြမှူးချုပ်၊ ဌာနမှူး/ဌာနခွဲမှူးများ၊ သင်တန်းနည်းပြများ၊ တပ်ဖွဲ့ဝင်များနှင့် မိသားစုများ၊ သင်တန်းသူဒုတိယရဲအုပ်လောင်း (၃၀၅)ဦးနှင့် ၎င်းတို့၏မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ကြီးမှ အမှာစကားပြောကြား၍ သင်တန်းသူ(၃၀၅)ဦးအား ကတိသစ္စာခံယူစေခြင်းနှင့် အရာရှိလောင်းအသိအမှတ်ပြု အဆင့်တံဆိပ်များ တပ်ဆင် ပေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment