Sunday, January 6, 2013

လိုင်စင်မဲ့မော်တော်ယာဉ်များသိမ်းဆည်း

၂၈-၁၂-၂၀၁၂ ရက်နေ့ ၁၇၃၀ အချိန် မွန်ပြည်နယ်၊ သထုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မော်လမြိုင်-သထုံကားလမ်းမပေါ်ရှိ TOLL GATE တွင် ယာဉ်များအား ရပ်တန့် စစ်ဆေးနေစဉ် မော်လမြိုင်မှ သထုံသို့ လှည်းကူးမြို့နယ်၊ (၇)ရပ်ကွက်နေ တေဇာလင်းအောင်(၂၃)နှစ် မောင်းနှင်လာသည့် ၂ဃ/xxxx Nissan AD Van ခဲရောင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သော အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် တေဇာလင်းအောင်အား သထုံရဲစခန်း(ပ)၁၅၈/၂၀၁၂၊ ပို့ကုန်သွင်းကုန်အက်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူထားသည်။ ထို့ပြင် သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ၊ ဘားအံ-သထုံကားလမ်းဘေးတွင် မသင်္ကာဖွယ် မော်တော်ယာဉ်(၁)စီး ရပ်တန့်ထားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၃ဂ/xxxx ၀က်ဂွန်အမျိုးအစား ခဲရောင်ယာဉ်အား သော့တန်းလန်းဖြင့် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သဖြင့် သထုံမြို့နယ်တရားရုံးသို့ ကျင့်ထုံးဥပဒေပုဒ်မ ၅၂၃/၅၂၄ အရ တရားစွဲတင်ပို့ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment