Sunday, January 6, 2013

နောက်ဘီးပေါက်ပြီးယာဉ်တိမ်းမှောက်မှု့ဖြစ်ပွားသေားတံတားဦးမြိုနယ်အတွင်းရှိအမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၃၃၇/၃နှင့်၃၃၇/၄အကြားဖြစ်ပျက်မှု့

၃-၁-၂၀၁၃ ရက်နေ့ ၂၁၂၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၃၃၇/၃)နှင့် (၃၃၇/၄)အကြားတွင် ယာဉ်တိမ်းမှောက်ကြောင်း သတင်းအရ စကားအင်းအမြန်လမ်းရဲစခန်း တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ မန္တလေးမှ မိတ်္ထီလာဘက်သို့ မကွေးမြို့နယ်၊ သာယာကုန်းရွာနေ ကိုရဲ(ခ)စံရွှေ(၂၅)နှစ် မောင်းနှင်သည့် ၈ဆ/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်သည် ၀ဲဘက်နောက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် သွားခဲ့သည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ (၁၆)ဦးအနက် ကျောက်ပန်းတောင်းမြို့နယ်၊ နတ်ကံလယ်ရွာနေ သန်းစိုးဦး(၂၈)နှစ်ပါ(၁၃)ဦးတွင် ဒဏ်ရာအသီးသီးရရှိခဲ့၍ တံတားဦးဆေးရုံသို့ ပို့အပ်ခဲ့ပြီး ယာဉ်မဆင်မခြင် မောင်းနှင်သူ ကိုရဲ(ခ)စံရွှေအား တံတားဦးရဲစခန်း (ပ)၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။ ထို့ပြင် ၄-၁-၂၀၁၃ ရက်နေ့ ၁၀၀၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၃၃၇/၅)နှင့် (၃၃၇/၆)အကြား မလှိုင်မှ မန္တလေးဘက်သို့ မလှိုင်မြို့နယ်၊ မောင်ငံကျေးရွာနေ မင်းမင်းထွန်း(၃၅)နှစ် မောင်းနှင်လာသည့် သ/xxxx မှန်လုံ ခရီးသည် တင်ယာဉ်သည် ၀ဲဘက်နောက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သည်။ ယာဉ်တိမ်းမှောက်မှု ကြောင့် ယာဉ်ပေါ်ပါ ခရီးသည်(၁၇)ဦးအနက် မလှိုင်မြို့နယ်၊ မောင်းကုန်းကျေးရွာနေ ပြည်ကျော်စိုး (၂၃)နှစ်ပါ(၁၀)ဦးမှာ ဒဏ်ရာအသီးသီးရရှိခဲ့၍ တံတားဦးဆေးရုံသို့ ပို့အပ်ခဲ့ပြီး ယာဉ်မောင်း မင်းမင်းထွန်းအား စကားအင်းအမြန်လမ်းရဲစခန်း(ပ)၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment