Monday, December 31, 2012

လှိုင်မြစ်အတွင်းအုန်းသီးများသယ်ဆောင်လာသည့်စက်လှေရေနှစ်မြုပ်

၂၈-၁၂-၂၀၁၂ ရက်နေ့ ၁၃၀၀ အချိန် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြစ်အတွင်း MIP စက်မှု ဆိပ်ကမ်းရှေ့ရေပြင်၌ ဒေးဒရဲမြို့နယ် ဇီးဖြူကုန်းကျေးရွာနေ ဦးမောင်ဝင်း (၄၅)နှစ် မောင်းနှင်ပြီး ၎င်းင်း၏ ဇနီးပါ(၄)ဦးနှင့် အုန်းသီး(၈၀၀၀)လုံး တင်ဆောင်လာသည့် အောင်ငြိမ်းချမ်းအမည်ရှိ သစ်သားချွန်စက်လှေ သည် လှေဝမ်းဗိုက်ပေါက်၍ ရေ၀င်နစ်မြုပ်ခဲ့သည်။ အဆိုပါ စက်လှေပေါ်ပါ လူ(၅)ဦးအား ဒဏ်ရာရရှိခြင်းမရှိဘဲ အနီး ပတ်ဝန်းကျင်ရှိ စက်လှေများမှ ၀ိုင်းဝန်းကယ်ဆယ်ခဲ့ပြီး အုန်းသီး(၇၉၀၀)လုံး အားလည်း ပြန်လည်ဆယ်ယူရရှိခဲ့သည်။ ရေယာဉ်အား ပေါ့ဆစွာမောင်းသူ ဦးမောင်ဝင်းအား ဥပဒေအရ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment