Wednesday, December 26, 2012

နိုင်ငံခြားသားကြီးကြပ်ထိန်းသိမ်းစောက်ရှောက်ရေးသင်တန်းအောင်မြင်စွာဆင်းခဲ့

နေပြည်တော်၊ ဒီဇင်ဘာ ၂၄ နိုင်ငံခြားသားများ ကြီးကြပ်ထိန်းသိမ်းစောင့်ရှောက်ရေးသင်တန်း အမှတ်စဉ်(၁၅/၂၀၁၂)သင်တန်း ဆင်းပွဲအခမ်းအနားကို ပြည်ထဲရေးဝန်ကြီးရုံး(ရုံးဟောင်း)စုစည်းခန်းမ၊ ရန်ကုန်၌ ၂၁-၁၂-၂၀၁၂ရက်နေ့ ၁၃၀၀ ချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ကိုယ်စား အမှတ်(၂)ရဲတပ်ရင်းများကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် သူရဘိုနီက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ သင်တန်းသို့ သင်တန်းသား(၃၉)ဦး တက်ရောက်အောင်မြင်ခဲ့ကြောင်းနှင့် သင်တန်းဆင်းပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ သင်တန်း နည်းပြများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း(၅၉)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment