Wednesday, December 26, 2012

ယာဉ်မဆင်မခြင်မောင်းနှင်သူအားအရေးယူ

ယာဉ်မဆင်မခြင်မောင်းနှင်သူအား အရေးယူ
နေပြည်တော်၊ ဒီဇင်ဘာ ၂၅

၂၄-၁၂-၂၀၁၂ ရက်နေ့ ၀၀၀၅ အချိန် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ရွာတွင် မြောက်ဘက်မှတောင်ဘက်သို့ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးမြို့နယ်ခွဲ၊ ကက္ကူရွာနေ အောင်ကျော်မိုး(၃၄)နှစ် မောင်းနှင်လာသည့် ၄ဂ/xxxx မစ်ဆူဘီရှီအဖြူရောင်ယာဉ်သည် ဘန်းယဉ် ရွာ ၀ိသုဒိ္ဓဘုန်းကြီးကျောင်းရှေ့၌ အလှူပွဲအတွက် ချက်ပြုတ်နေသည့် ပျော်ဘွယ်မြို့၊ မြို့သစ်ရပ်ကွက် နေ ဒေါ်နီနီဝင်း(၃၈)နှစ်ပါ(၇)ဦးအား ၀င်ရောက်တိုက်မိခဲ့သည်။ ထိုသို့ တိုက်မိမှုကြောင့် ဒေါ်နီနီဝင်း (၃၈)နှစ်ပါ(၇)ဦးတွင် ဖူးရောင်ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ဆီဆိုင်မြို့နယ်ဆေးရုံသို့ တင်ပို့ ကုသခဲ့ပြီး ၀၀၃၀ အချိန် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ အောင်ကျော်မိုးအား ဘန်းယဉ်ရဲစခန်း (ပ)၆၃/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment