Wednesday, December 26, 2012

ပိုင်ရှင်မဲ့နွားသိမ်းဆည်းရမီမှု့

ပိုင်ရှင်မဲ့နွားများ သိမ်းဆည်းရမိမှု နေပြည်တော်၊ ဒီဇင်ဘာ ၁၉ ၁၇-၁၂-၂၀၁၂ ရက်နေ့ ၁၅၃၀ အချိန် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် ရကာကြီးကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမ၀င်နွားသယ်ဆောင်မှု သတင်း အရ တောင်ကုတ်မြို့နယ်၊ ရကာကြီးကျေးရွာမြောက်ဘက်(၂)မိုင်ခန့်အကွာ၊ ငှက်စာတောင်ခြေရင်း လျှိုမြှောင် အတွင်းမှ နွားထီး(၄၀)ကောင်၊ တန်ဘိုးငွေကျပ်(၁၂၀)သိန်းခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။ သို့ဖြစ်၍ နွားများအားသိမ်းဆည်းထားရှိပြီး နွားများ၏ပိုင်ရှင်နှင့် တရားမ၀င်သယ်ဆောင်လာသူများအား စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment