Friday, June 14, 2013

ကျောက်ဆည်ခရိုင် အတွင်းရှိ တံတားဦး မြို့နယ်တွင်ယာဉ်လမ်းစည်းကမ်းများဆောင်ရွက်လျှက်ရှိ

ကျောက်ဆည်ခရိုင်တံတားဦးမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများအား 1.6.2013 ရက်နေ့ မှစပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်းများဆောင်ရွက်လျှက်ရှိပြီး စည်းကမ်းပျက်မော်တော်ယာဉ် / မော်တော်ဆိုင်ကယ်များအား တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး တရားရုံးများတွင် နေ့ခြင်း တရားစွဲဆိုကာ ဒဏ်ငွေရိုက်လျှက်ရှိပ်ါသည်။ တစ်မှု့လျှင် ဒဏ်ငွေကျပ် 30000 ကျပ် မှ 100000 ကျပ် ထိ ရှိပြီး သတ်မှတ်ချက်များနှင့်မောင်းနှင်ခြင်းမရှိသော မော်တော်ဆိုင်ကယ်များ/ကားများအား သတ်မှတ်ဒဏ်ငွေများအား မြှိုနယ်ဥပဒေရုံးတွင် တရားစွဲဆိုပြီး ဒဏ်ငွေအားပေးဆောင်ခြင်းမရှိက ထောင်ဒဏ် (6)လ ချမည်ဖြစ်ကြောင်း ၊ယာဉ်စည်းကမ်းလမ်းစည်းကမ်းများဆောင်ရွက်ရာ ပြည်သူလူထုများအနေဖြင့် ယခင်က ယာဉ် စည်းကမ်းလမ်းစည်းကမ်းများဆောင်ရွက်ခဲ့ခြင်းမရှိခဲ့သောကြောင့် ယခုလို စည်းကမ်းမဲ့ယာဉ်များသွားလာနေမှုအားဖမ်းဆီးအရေးယူဆောင် ရွက်ခြင်းဖြင့် ခေတ်မိသော နိုင်ငံကြီးသားပီသသော မြန်မာနိုင်ငံသားများဖြစ်လာစေရေး အတွက်ကောင်းမွန်သော အရာတစ်ခုပင်ဖြစ် ကြောင်း ပြည်သူလူထုတစ်ယောက်၏ ရင်ဖွင့်စကားသံကိုရေးသားဖော်ပြလိုက်ရပါသည်။

0 comments:

Post a Comment