Saturday, June 15, 2013

ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ လိုင်စင်မဲ့ယာဉ် ၁ စီး ဖမ်းဆီးရမိ

၁၄-၆-၂၀၁၃ ရက်နေ့ ၁၀၃၈ အချိန် ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့ ရွှေသံလွင် တိုးဂိတ်အနီး ဘုရားကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ပဲခူးတိုင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ၀န်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မှ ပဲခူးသို့ မော်လမြိုင်မြို့၊ ရွှေပြည်အေးရပ်ကွ...က်၊ အာရှလမ်းနေ ဦးအောင်ကျော်မြင့်(၅၇)နှစ် မောင်းနှင်လာသည့် ၇ဂ/xxxx မစ်ဇူဘီရှီခဲစိမ်းရောင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာ ယာဉ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်း အထောက်အထားများ ပြည့်စုံစွာပြသနိုင်ခြင်းမရှိသဖြင့် ဦးအောင်ကျော်မြင့် အား ဘုရားကြီးနယ်မြေရဲစခန်း(ပ)၆၉/၂၀၁၃၊ ပို့ကုန်နှင့်သွင်းကုန်ဥပဒေပုဒ်မ ၈/၁၀ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment