Tuesday, July 2, 2013

တံတားဦးမြို့နယ် အတွင်းယာဉ်စည်းကမ်းလမ်းစည်းဆောင်ရွက်နေမှုတွင် လာက်စားမှုများရှိနေ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် မြို့အဂါင်္ရပ်နှင့်အညီ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအား ၁-၆-၂၀၁၃ ရက်နေ့မှစတင်ဆောင်ရွက်လျှက်ရှိရာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆောင်ရွက်မှုတွင် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ခြင်းမရှိဘဲ အကျင့်ပျက်ချစားနေမှုများရှိနေပါသည် ။ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆောင်ရွက်လျှက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးသည်ဆိုင်ကယ်ဖမ်းဆီးသိမ်းဆည်းထားပြီး တံတားဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ လာရောက်ရန် အတွက် ချိန်းဆိုပြီးဆိုင်ကယ်မှ ဖမ်းမိစဉ်သိမ်းဆည်းထားသောဆိုင်ကယ်လိုင်စင်များအားလာရောက်ပြီးဒဏ်ငွေဆောင်ရန်ပြောပြီး ယင်းသို့သွားရောက်ဆောင်စဉ်တွငှ်ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်ခြင်းမရှိဘဲ အသားညို ၊ခပ်၀၀၊ဗိုလ်လေးဆိုသူမှ ဆိုင်ကယ်နှင့်ပါတ်သတ်သည့်အချက်အလက်များအားငွေတောင်းခံကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲအကျင့်ပျက်ချစားလျှက်ရှိကြောင်းတာဝန်သိပြည်သူတစ်ယောက်အနေဖြင့်အမှန်တရားအတိုင်းဖြစ်စေရေး ရေးသားဖော်ပြလိုက်ရပါသည်။

0 comments:

Post a Comment