Monday, May 13, 2013

မုန်တိုင်းဘေးကူညီရန်ကုလနှင့် NGOတွေကြိုတင်ပြင်ဆင်

မန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းဘက်ကို မ
ဟာစင်ဆိုင်ကလုန်းမုန်တိုင်း ခုရက်ပိုင်းအ
တွင်း ၀င်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ေ
တွ ထွက်ပေါ်နေတာကြောင့် ကုလသမဂ
္ဂနဲ့ အန်ဂျီအိုတွေက မုန်တိုင်းဘေးဒဏ်ခံရရ
င် အကူအညီပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်နေ
ကြပါတယ်။
မဟာစင်မုန်တိုင်းဟာ မြန်မာနိုင်ငံ ဘယ်ြ
မို့တွေကို ၀င်ရောက်တိုက်ခတ်မယ်ဆိုတာ
အတိအကျ မသိရသေးပေမယ့် ရန်ကုန်အ
ခြေစိုက် ကုလသမဂ္ဂလက်အောက်ခံ အဖ
ွဲ့အစည်းတွေ၊ အိုင်အန်ဂျီအိုတွေနဲ့ အန်ဂျီအို
တွေကတော့ မုန်တိုင်းဝင်ရောက်လာပါက
ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွား
ရောက်လုပ်ဆောင်နိုင်အောင် ကြိုတင်ပြင်
ဆင်မှုတွေ ပြုလုပ်နေကြတာပါ။
ကုလသမဂ္ဂဆိုင်ရာ ရန်ကုန်ရုံးရဲ့ ပြန်ကြား
ရေးအရာရှိ ဦးအေးဝင်းက မြန်မာနိုင်ငံမှာ
ရှိတဲ့ လူသားချင်းစာနာမှု အကူအညီပေးေ
ရး အဖွဲ့တွေအနေနဲ့ မုန်တိုင်းအတွက် ကြို
တင်ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်နေပြီဖြစ်
ကြောင်း ပြောပါတယ်။
“ကုလသမဂ္ဂရော၊ အိုင်အန်ဂျီအိုအဖွဲ့အစ
ည်းတွေရော၊ လူသားချင်းစာနာမှုအကူအ
ညီပေးရေးဆိုင်ရာ အဖွဲ့တွေနဲ့ရော တွေ့ဖို့ရှိ
ပါတယ်။ ကြိုတင်ပြင်ဆင်ချက်တွေရှိတယ်
ဆိုတာလည်း သတင်းရသလို ဒီကနေ ပံ့
ပိုးလို့ရတာတွေလည်း ညှိနှိုင်းနေကြပါတ
ယ်။ လုပ်နိုင်တဲ့ပမာဏတွေလည်း တွက်ချ
က်နေကြပါတယ်။ မုန်တိုင်းအခြေအနေ
လည်း တချိန်လုံးစောင့်ကြည့်နေကြပါတ
ယ်။”
မုန်တိုင်းဟာ ရခိုင်ပြည်နယ်ကို ၀င်ရောက်
တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းချက်တွေ
ထွက်ပေါ်နေတဲ့အတွက် မုန်တိုင်းလမ်ြးေ
ကာင်းမှာ ရှိနေတဲ့ဒေသခံတွေ၊ ရွက်ဖျင်တဲ
တွေမှာ နေထိုင်နေရတဲ့ ပဋိပက္ခဘေးဒုက
္ခသည်တွေကို မြေနိမ့်ပိုင်းကနေ ဘေးကင်း
လုံခြုံရာ ကုန်းမြင့်နေရာတွေကို အာဏာပို
င်တွေက အပူတပြင်း စတင်ပြောင်းရွှေ့ပေ
းနေပြီဖြစ်တဲ့ အကြောင်းနဲ့ ဒီလုပ်ငန်းတေ
ွမှာ ကုလသမဂ္ဂအမှုထမ်းတွေကို ပို့ပြီး ပါဝ
င်ကူညီဆောင်ရွက် ပေးနေတယ်လို့ ပြော
ပါတယ်။
အလားတူ ယခင် မြန်မာနိုင်ငံကို ၀င်ရော
က်တိုက်ခတ်ခဲ့ဖူးတဲ့ နာဂစ်နဲ့ ဂီရိ မုန်တိုင်း
တွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းေ
တွနဲ့ မုန်တိုင်းကာလအလွန်မှာ သဘာဝေ
ဘးအန္တရာယ်ရင်ဆိုင်ရေးဆိုင်ရာ ပညာေ
ပးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ဖူ
းတဲ့ မင်္ဂလာမြန်မာ အန်ဂျီအိုအဖွဲ့ မန်နေဂျာ
တဦးဖြစ်တဲ့ ဦးသန့်ဇော်ကလည်း မုန်တိုင်
းဒဏ်ခံရရင် ဒေသခံတွေကို အကူအညီေ
ပးဖို့ အန်ဂျီအိုတွေအကြား နိုးနိုးကြားကြာ
း ရှိနေတယ်လို့ ပြောပါတယ်။
“အဖွဲ့လိုက်လုပ်နေတာတွေလည်း ရှိတယ်
။ မင်္ဂလာမြန်မာအနေနဲ့လည်း နယ်ရော ရ
န်ကုန်က ၀န်ထမ်းတွေ၊ ယခင် အတွေ့အြ
ကုံရှိဖူးတဲ့ ၀န်ထမ်းတွေနဲ့ အတွေ့အကြုံမရှိ
သေးတဲ့ ၀န်ထမ်းတွေရော ဘယ်လိုဖြစ်ရ
င် ဘယ်လိုလုပ်ကြမယ်ဆိုတဲ့ အတိုင်းအ
တာလေး ဆွေးနွေးထားကြတယ်။ လိုအ
ပ်တဲ့ပစ္စည်းတွေဘာတွေက ယခင်တုန်း
က ကျနော်တို့ဆီမှာ အရန်သင့်နည်းနည်း
ရှိတယ်။ ဖြစ်ပြီးသွားရင် အမိုးအကာလိုမ
ယ်၊ ရွက်ဖျင်တဲတွေပေါ့၊ ဒါမျိုးလုပ်ထားတ
ယ်။ အရင်ကထက်စာရင် နိုးနိုးကြားကြား
ရှိလာတယ်။ အရင်ကဆို အားလုံးက ကို
ယ်နဲ့မဆိုင်သလိုလေ။ အခုက အဖွဲ့အစည်
းတော်တော်များများလည်း ဒါဖြစ်လာရင်
ဘယ်လိုလုပ်မယ်ဆိုတာ ကြိုတင်ပြင်ဆင်
တာတွေ ရှိတယ်။”
ဒေသခံတွေအနေနဲ့ မုန်တိုင်းမ၀င်ခင် ရေနဲ့
စားနပ်ရိက္ခာတွေ သီတင်းတပတ်စာ စုေ
ဆာင်းထားဖို့၊ မှတ်ပုံတင်နဲ့ သန်းခေါင်စာ
ရင်း စတဲ့ အရေးကြီး စာရွက် စာတမ်းေ
တွကို ရေစိုခံ ပလတ်စတစ်နဲ့ ထည့်ထားဖို့
၊ စိတ်ချရတဲ့ ဘုန်းကြီးကျောင်း၊ ခိုင်ခံ့တဲ့
အဆောက်အဦနဲ့ လူနေအိမ်တွေမှာ ခိုလံ
ှုနေကြဖို့ အန်ဂျီအိုတွေကရော၊ မီဒီယာေ
တွကပါ သတိပေးဆော်ဩမှုတွေ လုပ်နေ
ပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ်အပါအ၀င် မြန်မ
ာနိုင်ငံတ၀န်းမှာ လူတွေ ဘေးကင်းလုံခြုံစ
ွာ ခိုလှုံနိုင်မယ့်၊ ဆိုင်ကလုန်းမုန်တိုင်းဒဏ်
ခံနိုင်လောက်တဲ့ အဆောက်အဦတွေတေ
ာ့ လုံလောက်မှု မရှိသေးဘူးလို့ အန်ဂျီအို
အဖွဲ့တွေက ပြောပါတယ်။

0 comments:

Post a Comment